hover animation preload

အချစ်ဇာတာဆိုး
by စာဂဘ၀င် in

အချစ်ဇာတာဆိုး
။။။။။။။။။။။။။။။။။။
ဆူးတွေနင်းပြီးငါခူးဆွတ်ခဲ့တယ်
ဒါပေမယ့်ဒီအမြင့်ပန်းလေးက
ငါ့ဇာတာမှာမပါလာခဲ့ဘူးကွယ်
အချစ်ဇာတာဆိုးဆိုးဆန်းဆန်းက
ငါ့ကိုအိမ်မက်ဆိုးဆိုးတွေပေးလို့ 
ငါ့ညတွေကိုဝေဒနာတွေနဲ့ ဖုံးလွမ်းစေတယ်
ဝေဒနာတွေနဲ့ င့ါရင်ဘတ်ကြီးကနွေပူပူတွေ
ဆက်မဆုံးသေး။
ရင်ဘတ်ထဲကဒီပန်းလေးတစ်ပွင့်
အမြှစ်ခိုင်နေခါမှ
အဆွဲနုတ်ခံလိုက်ရတယ်
ဒီနှလုံးသားကနာကျင်မူတွေနဲ့
ရောထွေးနေရင်း
ဝမ်းနည်းသက်ပြင်းခပ်ပြင်းပြင်းချလို့
အချစ်ဆိုတာကြီးကို
အဝင်မခံရဲတော့လောက်အောင်ပါဘဲ။
Comments (0)

အိပ်မက်ကနေနိုးသင့်ပြီ
by စာဂဘ၀င် in

အိမ်မက်ကနေနိုးသင့်ပြီ
၊။။။။။။။။။။။။။။။။။။။။။။။။။။။
ယာစကာဆိုတာကြီးကိုထွေးထုတ်ပြစ်ဖို့
ခါးလှတဲ့ဒုက္ခတွေကိုမြိုချနေရတာ
နေဝင်နေထွက်ပေါင်းတွေထပ်လို့နေပြီ
ကျောပေးခဲ့တာတွေကို
မျက်နာချင်းဆိုင်ဖို့လှည့်ကြည့်လိုက်တိုင်း
အရောင်မပြောင်းသေးတဲ့
ဆန္ဒတွေက ခြေလှမ်းတွေကို ဟန့် တန့်စေနေ။

မိုးခေါင်ခေါင်မှာ
ကိုယ့်ဘဝမြေရိုင်းကို
ကိုယ်တိုင်တူးဆွနေလို့
စိုက်ပျိုးချင်တာတွေအတွက်
အသင့်ပြင်နေမိတယ်
တကယ်တော့ နက်ဖြန်နဲ့ပတ်သက်လို့
ငါမျက်လုံးတွေမှာ မြင်နိုင်စွမ်းမရှိပါဘူး။

ခက်ထန်တဲ့ခရီးကြမ်းတွေမှာ
ငါ့နှလုံးသားကမျှော်လင့်ချက်တွေ
ထမ်းပိုးထားတယ်
လွတ်ချသင့်တာနဲ့ဆုပ်ကိုင်ထားသင့်တာကို
သိပါလျှက်နဲ့မမြင်ယောင်ဆောင်နေမိတယ်
တကယ်တော့အိမ်မက်ကနေနိုးသင့်ပြီကွယ်။
Comments (0)

လှလှပပအဆုံးသတ်လို
by စာဂဘ၀င် in

လှလှပပဆုံးသတ်လိုဧ။်
၊၊၊၊၊ ၊၊၊၊၊ ၊၊၊၊   ၊၊၊။၊၊၊၊
ရမက်ဆွဲရာ လိုက်လို့ပါကာ

သက်တမ်းရင့်ရော် ဖြစ်လာသော်လည်း

မွေ့လျော်ရာလွှဲ ဖြစ်နေဆဲပင်

အမှားအမှန် သိနေပြန်လည်း

ဉာဏ်ကိုစိတ်က လွှမ်းခြင်း ဆတိုး

အဖြစ်မျိုးက မလွတ်ကြသေး။

တနေ့တစ်မျိုး မက်စိတ်စိုးလို့

ကျိုးစားရုန်းကန် အားမာန်ထန်လျှက်

အချိန်တွေအား ကုန်စေသွားဧ။်

သင်္ခါရပေါ် စိတ်မွေ့လျှော်ရင်း

နိဂုံးအရေး အလေးပေးမှု

မေ့ခြင်းကြီးကာ မေ့နေရှာသည်

ချိန်လွန်နောင်တ မရသေးခင်

ပြင်သင့်တာပြင် မြင်သင့်တာမြင်

လုပ်သင့်တာလုပ် ဖြုတ်သင့်တာဖြုတ်

လှလှပပ ဆုံးသတ်လိုဧ။်
Comments (0)

သိစေချင်တယ်
by စာဂဘ၀င် in

။သိစေချင်တယ်။

ပန်စေချင်သူဉပေက္ခာပြုခဲ့တဲ့
အဉီးဆုံးဖူးပွင့်လာခဲ့အချစ်ပန်း
မနွမ်းခြောက်သေးပေမယ့်
အထီးကျန်စွာပဲရှင်သန်နေရဲ့။
ကောင်မလေးရယ်
အချစ်စိတ်ကလောင်နဲ့
ရေးခြစ်ခဲ့တဲ့အတိတ်စာမျက်နာတွေမှာ
ရင်နာစရာကဗျာလေးတွေက
မျက်ရည်စက်လေးတွေနဲ့
နှလုံးသားကိုခွင်းပြထားတယ်ကွယ် ။

မျှော်လင့်ချက်တွေမျှော်လင့်ရက်တွေ
အဆုံးသတ်သွားခဲ့ပါပြီး
ခြေဉီးပြန်မလှည့်ချင်သေးပေမယ့်
လမ်းကဆုံးသွားခဲ့ပါပြီး
အဆုံးသတ်မရသေးတဲ့
အချစ်စိတ်တွေက စိတ္တဇညတွေ
ငါ့ကိုပေးနေတုန်းဘဲကွယ်
ကွက်လပ်တွေများတဲ့ငါ့ဘဝမှာ
ကွက်လပ်တွေကိုဖြည့်နေရင်း
ကွက်လပ်တချို့ထပ်တိုးနေပြန်ရဲ့။
Comments (0)

အမေ့ကျေးဇူး
by စာဂဘ၀င် in

အမေ့ကျေးဇူး
၊၊၊။။။။။။။။။။။။။
သူပျိုးသည့်ပန်း  မညိုးနွမ်းအောင်

သက်ရင်း ရင်ရင်း  ကျိုးပမ်းခြင်းနဲ့

ပန်းတွေအလယ်  တင့်တယ်စေတယ်

သူ့ပန်းရနံ့  ပျံ့ထက်ပျံ့အောင်

စွမ်းဆောင်အစဉ်  သူပေါင်းသင်ဧ။်

ရနံ့ကောင်းကောင်း  မကောင်းကောင်းလည်း

သူပျိုးပန်းကို  ချစ်စိတ်ပိုလျှက်

သူ့ချစ်စိတ်ကား  လျော့မသွားပါ

သူဧ။်မေတ္တာ  စေတနာကား

မပြတ်မဆဲ  စီးတွေမြဲသည်။

သူဧ။်မေတ္တာ  သူ့စေတနာက

တန်ပြန်ကျိုးပေး  ရရှိရေးကို

အလေးမမှု   စိတ်စင်ဖြူဧ။်

သူပြုသောကံ  ပဲ့တင်သံကား

သူ့ထံအမှန်  တန်ပြန်မည်သာ။
Comments (0)

သေရေးအတွေး ဉီးစားပေး
by စာဂဘ၀င် in

သေရေးအတွေး ဉီးစားပေး
၊၊၊၊၊ ၊၊၊၊၊၊။၊၊၊၊၊ ၊၊၊။။။၊။။
လောကီကိစ္စ  အဝဝ၌

စိတ်ရောကိုယ်ပါ  နစ်နေလာတာ

သက်တမ်းထက်ဝက်  ကုန်ရစ်ခဲ့ပြီ

စီးဇိမ်နောက်လိုက်  ပျော်နောက်လိုက်ရင်း

သေရေးများစွာ  မေ့လို့လာကာ

သက်တမ်းယာယီ  ကုန်ခြင်းစီပြီ

သောကထွေထွေ  ရောရင်းမွေရင်း

တရားစိတ်တွေ  ပျောက်ကွယ်နေ၍

ဘဝလမ်းပေါ်  ဖြတ်ကျော်နေဧ။်

ဘယ်အချိန်လောက်  သက်မြေ့ခြောက်၍

ပျိုလှဲဆုံးသတ်  ဖြစ်သွားတတ်ခြင်း

သိရန်အလင်း  မရှိခြင်းကြောင့်

တွေးဆင်ချင့်ကာ  နေသွားပါမှု

စိတ်အေးစရာ  ဖြစ်လာပေမည်။
Comments (0)

ဇွဲမလျှော့နိုင်
by စာဂဘ၀င် in

ဇွဲမလျှော့နိုင်
၊၊၊၊၊၊။၊။။။။။။။။။
မိုးမခေါင်ပေမယ့်
ငါ့ဘဝမှာရေရှားနေသေးတယ်
ငါ့ကိုယ်ကိုငါထွန်းညှိနေပေမယ့်
အမှောင်ထဲမှာ
စမ်းတဝါးဝါးနဲ့လျှောက်နေရတုန်း
လှဲလိုက်ထလိုက် ထလိုက်လှဲလိုက်နဲ့
လင်းဝင်းလာမည့်အချိန်ကို
စောင့်နေရတဲ့စိတ်ဓါတ်တွေထဲ
ခန္တီ တရားကိုအကြိမ်ကြိမ်ထည့်သွင်းနေရတယ်

မိတ်လာဖွဲ့တဲ့နာကျင်မှုကို
လက်မခံ ငြင်းဆန်လို့ရရင်လည်းကောင်းသား
ဒါပေမယ့်
ငါ့လမ်းမှာအလိုလိုဖြစ်ပေါ်နေတဲ့
ဆူးတွေကိုငေးကာ
ပန်းအဖြစ်ပြောင်းလဲလာဖို့
ငါဆုမတောင်းတော့ပါဘူး
ငါ့ခြေထောက်ကအနီရောင်
မျက်ရည်တွေနဲ့ပဲ ခရီးပေါက်အောင်
ငါဆက်လျှောက်တော့မယ်ကွယ်။
Comments (0)

မက်စိတ်ဆိုးကျိုး
by စာဂဘ၀င် in

မက်စိတ်ဆိုးကျိုး
၊၊၊၊ ၊၊၊၊၊ ၊၊၊၊၊ ၊၊၊၊၊၊၊၊၊၊
ကျွေနေတဲ့ပန်းကလေးတွေကို
ကောက်ယူပန်ဆင်လိုခဲ့တဲ့စိတ်
အမြင့်ပန်းတစ်ပွင့်ရဲ့အလှရနံ့တွေရဲ့
ညို့ယူဖမ်းစားမှုမှာ
မျှော်လင့်ချက်ပေါင်းစွာနဲ့
ရုန်းမထွက်နိုင်တော့ဘဲ
ငါငြိတွယ်ခဲ့လေရဲ့၊

ငါမှန်းရည်ထားတဲ့အမြင့်ပန်းလေးက
ကံကောင်းခြင်းများစွာ ရံပြီး
ပကာသနဘဝထဲကို
ကျွေကျသွားခဲ့တယ်

အညွန့်ကျိုးသွားတဲ့မျှော်လင့်ချက်တွေက
ခြောက်သွေ့ပျက်စီး
အေးချမ်းမှုကိုတံခါးဖွင့်မပေးတဲ့
ရင်ဘတ်ထဲကအပူတွေနဲ့ဘဲ
အချိန်တွေထဲငါမျောပါနေရတယ်

နောက်ဆုံးတော့လည်း အသိဉာဏ်တံခါးကို
ဆွဲပိတ်သွားတဲ့ မက်မောမှုဆိုတာကြီးကို
စိတ်နာမိရုံကလွဲပြီး ငါဘာမျှမတတ်နိုင်ခဲ့။
Comments (0)

ငါ့ဘဝနှင့်ဆန္ဒ
by စာဂဘ၀င် in

ငါ့ဘဝနှင့်ဆန္ဒ
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
လွတ်ချသင့်တာတစ်ခုကို
ဆုပ်ကိုင်ထားမိတဲ့အခိုက်အတန့်တွေမှာ
ဘဝကမ်းပါးတချို့ပြိုကျသွားတယ်
သင်္ခန်းစာတချို့တော့ရလိုက်ပါရဲ့။

ကိုယ့်အမြှစ်ကို ရေလောင်းပေါင်းသင်ပြီး
ကြီးထွားလာဖို့အကြိမ်ကြိမ်ကျိုးစားဖူးပါတယ်
ကံတရားရဲ့သတ်မှတ်နုန်းကိုအံမတုနိုင်ဘဲ
အကြိမ်ကြိမ်ပြန်ညိုးနွမ်းရင်း
သံသယာလည်နေတုန်းပဲကွယ်။

လောကယာခင်းမှာ
မသီးမပွင့်ဘဲနဲ့ညိုးခြောက်ပျက်သုဉ်းသွားမှာ
အရိတ်သိမ်းခံလိုက်ရမှာမျိုးကိုတော့
တကယ်မလိုလားတာတကယ်ပါ
ဘယ်လိုကံတရားက
ဘယ်လိုရွေးချယ်သွားမယ်ဆိုတာ
ဘယ်လိုမျက်လုံးတွေနဲ့ ဘယ်လိုကြည့်ကြမှာလဲ။
Comments (0)

မရေရာဘူး မသေချာဘူး
by စာဂဘ၀င် in

မရေရာဘူး မသေချာဘူး
                  ။။။။။။။
လုံခြုံမှုမရှိတဲ့အရိပ်ကိုမှခုံမင်တပ်မက်တယ်

နေပူပူတွေကိုတွန်းဖယ်နေတုန်း

ရင်ပူစရာတွေက ငါ့ကိုဝင်ပူးဖို့ အသင့်ဖြစ်လို့နေပြီ။

တစ်ကိုယ်စာနေရာလေးမှာသာ

အေးချမ်းမှုရှိတဲ့ ပြက္ခဒိန်အဟောင်းတွေက

အရိပ်အဟောင်းတွေကို ကျော်ဖြတ်လာခဲ့ပြီ

ရှေ့မှာမြင်နေရတဲ့အရိပ်က

ဝိုးတဝါးသာရှိနေသေး။

ကြိုးဆွဲသူတွေကကြိုးကိုလွတ်

အေးချမ်းမှုကိုဝတ်ဆင်ပေးထားတဲ့

ကြိုးဆွဲရုပ်လေးတွေက ငါတို့များလား။
Comments (0)

တာဝန်တစ်ခု
by စာဂဘ၀င် in

တာဝန်တစ်ခု
               ။။။။
မင်းရဲ့ခန္ဒာ  တစ်နေရာက

နာကျင်ပါမှု  ဂရုမှုလျှက်

ဆေးယူကုသ  သင်ပြုရမည်

နာသည့်နေရာ  သိနေပါလျှက်

ပေါ့စိတ်ကိုသွင်း  စိတ်လိုချင်းကပ်

သင်နေတတ်သော်

ရောဂါဆတိုး  အဖြစ်မျိုးနဲ့

မျက်နာချင်းဆိုင်  ရင်ဆိုင်ရမည်။

မင်းရဲ့ဉယျာဉ်  ဖျက်ပိုးဝင်တော့

မမြင်သလို  နေမည်ဆိုရင်

တဖြုတ်ဖြုတ်နုပ်  ပန်းမျိုးပြုတ်အံ့

ပျက်မပွားအောင်  ဖျက်ပိုးများအား

တားစီးမွမ်းမံ  သင်စီမံက

ပန်းစုံလန်း၍  ဉယျာဉ်တင့်မည်။
Comments (0)

မျက်ရည်ပျိုးတဲ့ပန်း
by စာဂဘ၀င် in

မျက်ရည်ပျိုးတဲ့ပန်း
။။။။။။။။။။။။။။။။။။။
ရင်နာစရာတွေကိုအပြုံးတွေနဲ့ကွယ်ပြီး
ပြတ်ပြတ်သားသားကျောပေးခဲ့ပေမယ့်
ငါ့နှလုံးသားနှင့် ငါ့နှုတ်ခမ်းနှစ်ခုကြားက
အချစ်စစ်တွေမှာ ကျောဆိုတာ မရှိခဲ့ဘူး ။
ကျောပေးပြီးလျှောက်သွားခဲ့တဲ့
ခြေလှမ်းတိုင်းကို ကြေကွဲမှုတွေနဲ့
ဝိသေသန လုပ်ထားတယ်ဆိုတာ
မင်းသိမှာမဟုပ်ခဲ့ဘူး ချစ်သူ။

ငါ့ဘဝမြေရိုင်းက မင်းရဲ့အချစ်ကိုဆွဲနုပ်ပြီး
မြေခံရေခံကောင်းတဲ့နေရာမှာ
ငါစိုက်ထူပေးနိုင်ခဲ့လို့ 
ဝေဒနာတွေကြားကနေ ပီတိတွေနဲ့
ငါကြည့်ခွင့်မြင်ခွင့်ရတာ ငါကျေနပ်ပါတယ် ချစ်သူ။

ငါ့ရဲ့မျက်ရည်စက်ကလေးတွေက
နင့်ဘဝတစ်လျှောက်မှာ
အပြုံးပန်းများစွာ ဖူးပွင့်စေခဲ့တဲ့အတွက်
ဒီမျက်ရည်စက်တွေက ဝေဒနာတွေကို
ကိုယ်စားပြုထားပေမယ့် တန်ဘိုးရှိလွန်းလှပါတယ် ချစ်သူ။
Comments (0)