တိမ်မှောင်တိမ်မဲတွေက လမင်းကြီးကို
တော်တော်ကြာကြာကို ဖုံးအုပ်ထားလေတယ်
လမင်းကြီးက လောကကြီးကို အလင်းသာယာ
ပေးချင်နေပေမယ့်ပေးခွင့်မရပြန်ဘူး
ဒါကသူရဲ့ တာဝန်လေ။
ကြယ်ကလေးတွေကလည်း တိမ်ဖုံးခံထားရပြန်တယ်
လွတ်လွတ်လပ်လပ်လင်းခွင့်မရကြသေး
သူတို့ ကိုပိုင်အခွင့်ရေးလေးတွေဆုံးရှုံးနေကြရတယ်
ခုတော့တိမ်မှောင်တွေ မဖုံးနိုင်တော့ပဲ
လမင်းကြီးကပေါ်ထွက်လာပါပြီး
တိမ်မှောင်တိမ်မဲလေးတွေကလည်းလမင်းကြီးနင့်ဝေးရာကိုမရောက်သေး
တချို့ အနက်ရောင်တိမ်တွေက
အဖြူယောင်ဆောင်ပြီး လမင်းကြီးနားမှာရှိနေတာများလားကွယ်
ကြယ်တာရာလေးတွေကလည်း
ဟိုမှာတစ်စု သည်မှာတစ်စု အဲလိုသာ
လင်းနေရကြသေး
အားလုံးရဲ့ ကိုပိုင်အခွင့်ရေးလေးတွေမရကြသေးပါလားကွယ်။
0 မှတ်ချက်:
Post a Comment