ဒီလိုဆည်းဆာနေ၀င်ချိန်လေးမှာ
သူရဲ့ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်
တန်းစီပြီးပွင့်အာလာတဲ့ အပြုံးပန်းလေးတွေကို
ဆည်းဆာအလှနင့်လောကအလှတရားများ
ဦးညွတ်သွားကြတာ ငါမြင်လိုက်ပါတယ်။
နေမင်းကြီးဝင်သွားတော့ ငါ့ကောင်းကင်ယံမှာ
မျှော်လင့်ခြင်းကြယ်လေးတွေ လင်းလက်တောက်ပလို့ ပေါ့။
ဟော ဒီနေထွက်ချိန်လေးမှာ ငါ့နလုံးက ဝေဒနာပေါင်းစုံ
ဝန်းရံပြီး အရှုံးတွင်းနက်ထဲ ပြုတ်ကျခဲ့ရတယ်။
မျှော်လင့်ချက်ကြယ်ကလေးတွေလည်း
ကြွေကျတာမဟုပ်ဘဲ ပျောက်ကွယ်ခဲ့ရပြီ။
ကံပန်းချီဆရာအတွက်တော့ ငါ့ဘ၀ဟာ
ပန်းချီကားလေးတစ်ချပ်ဖြစ်လို့ ပေါ့။
0 မှတ်ချက်:
Post a Comment