- အံ့သြလိုက်ပုံများနော်
- ဆန့်ကျင်ဘက်နှလုံးသားနှစ်ခု
- အသဲစွဲ ချစ်နေကြလေရဲ့
- မူမတူတဲ့ နှလုံးသားနှစ်ခု
- အချစ်ဖြစ်မလာဘူးလို့...
- ဘယ်သူတွေ ပြောကြမလဲနော်
- ကျနော်သိပ် ချစ်မိတဲ့
- ကောင်မလေးတယောက် နဲ့ ကျနော်
- ချစ်လိုက်ကြတာလည်း အသဲစွဲ
- ဖြစ်လိုက်ရင်လည်း ဆန့်ကျင်ဘက်ချည်းဘဲ
- သူက ခရီးသွားတာ မနှစ်သက်သူ
- ကိုယ်က အိမ်မှာ ငြိမ်မနေတတ်သူ
- သူက နှုတ်ဆိတ်နေတတ်သူ
- ကိုယ်က ပြောဆိုနေရမှ ကျေနပ်သူ
- သူက မြန်မာ Movies တွေကိုနှစ်သက်သူ
- ကိုယ်က Fighting action တွေကို ကြိုက်တတ်သူ
- သူက သ၀န်တိုပြီး ချစ်တတ်သူ
- ကိုယ်က လွတ်လပ်မှုကို မြတ်နိုးသူ
- ကဲ..................ဗျာ
- ဘယ်အရာတွေက ထပ်တူကြနိုင်မလဲ
- အားလုံးကဆန့်ကျင်ဘက်တွေပေါ့
- သူက ကျနော်ကိုအရမ်း ချစ်တယ်
- ကျနော်က သူ့ကို သိပ်မြတ်နိုးမိတယ်
- ဆန့်ကျင်ဘက် နှလုံးသား တစုံ
- သူ နဲ့ ကျနော်
- သိပ် ချစ်တာချင်းတူကြတယ်
- ဆန့်ကျင်ဘက်တွေရဲ့ အဆုံးစွန်း တနေရာရာမှ
- သူ နဲ့ ကျနော်
- သိပ်ချစ်တာချင်း တူညီကြလေရဲ့
- သူမရှိတဲ့ အချိန်တွေ ကျနော်မနေတတ်သလို
- ကျနော်မရှိတဲ့ အချိန်တွေဆို.....
- သူငိုနေတတ်ပြီကော..............
- အရာရာကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့
- နှလုံးသားတစုံဟာ.....
- အချစ် ညီမျှချင်းဆိုရင်
- ကဲ...............တကယ်ပါ
- LOVE = ဆန့်ကျင်ဘက် စိတ်.......။...........။
အောင်အောင်(မကစ)
ရင်တွင်းဖြစ်
20/11/2011

1 မှတ်ချက်:
အားပေးဖတ်ရှု လေ့လာခဲ့ပါတယ် မောင်လေးရေ
Post a Comment