ငါသည် အတောင်မစုံသေးပေမယ့်
အမြင်အာရုံကတော့ အဝေးကိုမြင်တတ်နေ
မုန်တိုင်းဘယ်လောက်ထန်ထန်
တံတိုင်းတွေဘယ်လိုခံခံ
တနေ့ ငါရောက်အောင်ပျံသန်းသွားမယ်
အောင်မြင်မူကြီးရယ် မင်းက အဂတိ မလိုက်စားမှန်းငါယုံတယ်။
ငါ့ဘ၀ကမ်းကို တိုက်စားနေတဲ့အချိန်ရယ်
မင်းလည်းမင်းအလုပ်မင်းလုပ်နေတယ်
ငါလည်းငါလုပ်စရာရှိတာ ဆက်လုပ်နေရမှာဘဲ။
ခြေဖုဝါးနုနု သွေးကျေဥ မှာစိုးပြီး အနာမခံရဲတဲ့စိတ်
ဇွဲတွေကို ခါထုတ်နေတဲ့ ခေါင်း မင်းတို့ ကိုကြည့်ပြီး
ပြုံးနေတဲ့ ပန်းတိုင်ရဲ့ အပြုံးအောက်မှာ
အထင်သေး ကဲ့ရဲ့ မူတွေကို မင်းတို့ မြင်အောင်ကြည့်
ယောက်ကျားနဲ့ ဇွဲ သေမှခွဲ ဆိုတာကို ကျင့်သုံးကာ
ပန်းတိုင်ရဲ့ အပြုံးဆိုးကို ပြောင်းပစ်ရမှာဘဲ။
0 မှတ်ချက်:
Post a Comment