hover animation preload

ဘ၀ဖယောင်းတိုင်
by စာဂဘ၀င် in

အမှောင်ထုထဲ  လမ်းပျောက်လှဲသူ

အမြဲပမာ  ရှိနေရှာသည်

သူတို့ အမှောင်  မမြဲအောင်လို့ 

လင်းရောင်ကိုပိုင်  ဖယောင်းတိုင်သွင်

လှဲယိုင်ပြုန်းပြုန်း  ရည်ပျော်သုဉ်းဘိ

ငါ့ဘ၀ကို  ဖယောင်းလိုလို

 ဖြစ်လိုသည်မှာ  ဧကန်ပါကွယ်။

ရေဆာလောင်သူ  ရင်တွေပူချိန်

သူတို့ ဘေးကွာ  ရှိနေပါရန်

ငါ့ဘ၀အား  စမ်းရေများသွင်

စီးဆင်းပေးလိုက်ချင်တယ်ကွယ်။

 

0 မှတ်ချက်:

Post a Comment