ချစ်ကိုမျိုသိပ် လျှာကိုလိတ်ပြီး
တိတ်တိတ်နေရန် မဖြစ်ပြန်မို့ 
အမှန်အရှိ သည်းညှာသိရန်
ပြောရည်သန်မို့  ချစ်တယ်လို့ ကွယ်
ဒို့ ပြောစကား မုသားမပါ
လိမ်ခြင်းညာခြင်း ကင်းကင်းရှင်းသည်
ငယ်ရင်းသည်းညှာ ယုံကြည်ပါကွယ်
ခေါင်းတညိတ်ညိတ် ချစ်တဲ့စိတ်ကို
ချစ်သူသည်းညှာ ထင်ပြရှာတယ် ။
ဥစ္စာဓန မကြွယ်ဝလည်း
ဘ၀တသက် ကြုံတွေ့ တတ်တဲ့
အခက်ဘေးကို ဒို့ ခွင်းဖြိုလို့ 
ငြိုငြင်တာဝေး ပျော်တွေထွေးရန်
ဒို့ ဖြေရှင်းပါ့မယ်။
0 မှတ်ချက်:
Post a Comment