hover animation preload

တချိန်က ဆည်းဆာ
by စာဂဘ၀င် in

ငါ့ဘ၀တိမ်တိုက်တွေကို

အရောင်တင်ပေးခဲ့တဲ့

ဆည်းဆာအချိန်လေးရယ်

မင်းပျောက်ကွယ်သွားပေမယ့်

မင်းကြောင့်လှပခဲ့ဖူးတဲ့

အချိန်လေးတွေကို နလုံးသားမှာ

တံဆိပ်ခတ်ထားသလို

အမြဲရှိနေတယ်။

မင်းကြောင့်ငါ့ဘ၀တစိတ်တဒေသဟာ

ပျော်ရွှင်မူတွေ ဖူးပွင့်ဝေဆာတဲ့

ဥယျာဉ်ငယ်လေးတခုဖြစ်ခဲ့ဖူးတယ်

ဆိုးကြောင်းဖက်လို့ ပျက်ပြယ်ခဲ့ပေမယ့်

အပျော်တွေဖူးဝေခဲ့ချိန်က

ခုထိ ရှင်သန်နေဆဲပါ။ 

အတိတ်ကအရိပ်တွေကို

ဆုပ်ကိုင်ထားတဲ့ငါ့နလုံးသားမှာ

မင်းကအမြဲတမ်းရှိနေပြီး

အလွမ်းတွေ ဖြန့် ကျဲပေးနေလေရဲ့ ။





0 မှတ်ချက်:

Post a Comment