ဘဝက ဒုက္ခလမ်းရဲ့ခေါ်ရာကိုလိုက်နေရလေရဲ့ 
သဘာဝကိုအံတုစွမ်းမျှ မရှိဘဲကိုး။
သုခပန်းကိုခူးဆွတ်သော်လည်း
သဘာဝကိုအံတုစွမ်းမျှ မရှိဘဲကိုး။
သုခပန်းကိုခူးဆွတ်သော်လည်း
ဆူးစူးဒဏ်ခံရပြန်လေရဲ့ 
ဒုက္ခနှင့်သုခရဲ့  ချိန်ခွင်လျှာက
သူမသာ ကိုယ်မသာ ရှိနေလေရဲ့ ကွယ်။
တခါတရံ
ဖြစ်ချင်တာတွေကိုမဖြစ်ချင်တာတွေကနင်းချေကာ
ငါ့ဆီရောက်လာပြန်သည်
တားဆီးနိုင်စွမ်းမျှ မရှိဘဲကိုး။
လိုချင်သည့်စာမျက်နာကိုလှန်ကြည့်ပြန်တော့
မလိုချင်သည့်စာများကိုဖတ်နေရလေရဲ့ 
ငါ့ဘဝရဲ့ငြီးတွားသံတွေကို
ကံကြမ္မာကအပြုံးတွေနဲ့ 
အစားထိုးပေးမယ့်အချိန်ကိုစောင့်ရင်း
မျှော်လင့်ချက်တွေပန်ဆင်ကာ
ခေတ္တခဏ ဒုက္ခကျားရှေ့ 
ငါ့ဘ၀ကသမင်ငယ်လေး ဖြစ်နေလေရဲ့ ။
0 မှတ်ချက်:
Post a Comment