မိတ်ဆွေရောင်းရင်း ငယ်ပေါင်းသင်းရေ
ငါတို့ သက်ရွယ် ကြီးရင့်နွယ်ပြီ
စိတ်အလိုလိုက် စိတ်အကြိုက်ဆောင်
လူမိုက်တွေလို မနေလိုပြီ။
အာသာဆန္ဒ ပြည့်ဝရရေး
မတွေးသင့်အပ် မလုပ်အပ်ပြီ။
ကုသိုလ်ကောင်းမူ ပြုမူယူလျှက်
သူသူငါငါ ပျူပျူ ငှာဖြင့်
ကောင်းရာကောင်းကျိုး သယ်ပိုးဆောင်လျှက်
အချိန်ဇီဝိန် မှည့်ကြွေရန်ကား
အရေးကြီးလှပေသည်။
ဒို့ တွေငယ်စဉ် အပျော်ပင်ပျိုး
အစဉ်မှီဝဲ နေလာမြဲပြီ
ခဏတာမျှ အပျော်ရရေး
ဘ၀တန်ဖိုး ဖြုန်းတီးဆိုးခဲ့။
တရားဓမ္မ ကျင့်ကြံကြခြင်း
ကွက်လပ်ပမာ နေရာကျန်ခဲ့
အမှားကြီးမှားခဲ့ပေပြီ။
ဘယ်နေ့ ဘယ်ချိန် သက်ဇီဝိန်သည်
ချူပ်ငြိမ်းမည်ကို ဘယ်လိုမျှပင်
ငါတို့ လူသား အသိများဝယ်
လုံးဝလုံးဝမရှိချေပြီ။
အချိန်ရှိခိုက် ထပ်မမိုက်ဘဲ
တရားဓမ္မ ရင်တွင်ချကာ
ကျင့်သုံးလိုက်နာ နေသွားပါက
တမလွန်ရေး စိတ်အေးစရာ
ဖြစ်တန်ရာတော့သည်။
0 မှတ်ချက်:
Post a Comment