hover animation preload

ယုန်ယောင်ဆောင်တယ် ကြောင်သူငယ်
by စာဂဘ၀င် in

ယုန်ယောင်ဆောင်တယ်   ကြောင်သူငယ်ရယ်

အချိန်တန်သော်  အမှန်ပေါ်တော့

အရှက်လည်းရ  သိက္ခာကျသည်

ပလီပလာ  လိမ်လိမ်ညာညာ

ဝတ်ဆင်သမျှ  ချွတ်ပေးရသည်။

ဝါဒမုသား  ပြုသူများသည်

တနေ့ မသွေ  ဒီအခြေဖြင့်

တွေ့ ရာသည်မှာ  ဧကန်ပါဘဲ။

အာသာဆန္ဒ  ရှိနေကြလည်း

နည်းမှန်လမ်းကျ  လျှောက်လှမ်းကြက

တရားနှင့်ညီ   ကုသိုလ်သီမည်။



1 မှတ်ချက်:

ရင်ခုန်ရသူ said...

ကဗျာကောင်းလေးခံစားသွားပါတယ်စာဂရေ

Post a Comment