hover animation preload

ငါ့အဖြစ်
by စာဂဘ၀င် in

ရေစီးထဲကဗေဒါလို
 
မသေချာမရေရာတဲ့ဘ၀မှာ
 
ငါဖွေရှာနေသည်ကမနည်း။
 
 သဲသောင်ဖြင့်ပန်းပုထု
 
  ဇွဲအောင်၍ရုပ်လုံးစု
 
 ခဏတာမြင်သာရပြီး
 
လေတဝှေ့ မှာပြန်မတွေ့ ရသဘိ
 
အဖြစ်အပျက်များလည်းရှိရပြန်၏။
 
    ကိုကစေတနာဖက်
 
မေတ္တာဆက်၍ငဲ့ကွက်ကူတာ
 
 ဝေဒနာဖြင့် ကို့ စေတနာကို
 
   အရောင်ဆိုး ဆိုးကာ
 
ချောင်ထိုးထားခြင်းလည်းခံရတတ်လေရဲ့ ။
 
မေတ္တာတရားကို ဦးညွတ်သွားပြီး
 
     အမုန်းတရားကို 
 
      စုရုံးမပွားစေပဲ
 
 တရားပွေ့ ၍ ချမ်းချမ်းမြေ့ မြေ့ 
 
       နေလိုပြန်၏။

0 မှတ်ချက်:

Post a Comment