တစ်နေ့ တခြား လွန်ထူးခြားသည်
အတွေးအာရုံ အလုံးစုံက
ချစ်စိတ်ကျဉ်းထောင် လွတ်ကင်းအောင်လည်း
ကျိုးစားတိုးထွက် ခက်ထက်ခက်သည်။
ချစ်စိတ်ပူပြင်း လောင်ကျွမ်းရင်းဖြင့်
သက်တမ်းရင့်ရော် ရေခဲပျော်သို့ 
တဖြည်းဖြည်းပျော် ဖြစ်နေသော်လည်း
တရားအမှန် မေ့နေပြန်၏ ။
အချစ်မျိုးစုံ ရင်ကိုငုံ၍
မေ့စိတ်ထွေးပွေ့  တရားမေ့ကာ
အကျိုးလောကီ မက်ချက်စီလျှက်
ရန်သီရန်ဆက် ထိုးနက်ပြန်၏
0 မှတ်ချက်:
Post a Comment