hover animation preload

ဝမ်းနည်းစရာအချိုးအကွေ့များ
by စာဂဘ၀င် in


၊၊၊၊။။။၊၊၊။။။။။။။။။။။။။။
အမှားမိုးတိမ်ကနေ
အမှန်တရားမိုးကို
မျှော်ကိုးနေတဲ့မြေဇာ
တဖြုတ်ဖြုတ်ခြောက်သွေ့
ပျက်သုဉ်းနေရတာ မဆန်းတော့ပြီ။
အမုန်းတရားတွေကို
ပွေ့ဖက်ထားတဲ့နှလုံးသား
မေတ္တာတရားကို
တခါးဖွင့်မပေးတာလည်း
အဆန်းတော့မဟုပ်။
အတ္တခံတွင်းထဲရောက်နေတဲ့
စာနာမူတရားတွေကို
မထွေးထုတ်သ၍
ရန်ငြိုးတွေရှင်သန်ကြီးထွားနေဉီးမှာပဲ။
ဖြူစင်တဲ့သွေးတွေနဲ့
အကျည်းတန်တဲ့ပန်းချီကားတစ်ချပ်
ရေးဆွဲနေတဲ့လူဟာ
သူ့သမိုင်းဆိုးကို
သူကိုယ်တိုင်ပျိုးနေတာပဲ သူငယ်ချင်း။

0 မှတ်ချက်:

Post a Comment