ဒုက္ခဒုက္ခ မိုးပေါက်ကျသို့
ခဏခဏ ငါ့ပေါ်ကျဧ။်
ဇာတာဆိုးချက် စဉ်ထိုးနက်လို့
စိတ်ဓါတ်နွမ်းခြောက် ရှေ့လျှောက်ရဧ။်
ဖဲကျဉ်မရ သဘာဝမို့
လဲက ထရင်း ရည်ရွယ်မှန်းဆီ
မာန်ချီရင်းနဲ့ မှန်းဆီအရောက်
ငါလျှောက်မည်။
သက်တမ်းတိုတို မှန်းရည်ပိုပို
ဒီလိုဟိုလို ရေခဲလိုပဲ
အရည်ပျော်လျှက် ကုန်သုဉ်းလျှက်ပင်
ရှိနေလေဧ။်။
ဘဝပန်းလေး
ရေသောက်မြစ်ခမ်း ပင်မနွမ်းခင်
မွှေးကြိုင်ရနံ့ ဖြန့်နိုင်သမျှ
စိတ်တွေရွှင်ပြစေလားကွယ်။
ခဏခဏ ငါ့ပေါ်ကျဧ။်
ဇာတာဆိုးချက် စဉ်ထိုးနက်လို့
စိတ်ဓါတ်နွမ်းခြောက် ရှေ့လျှောက်ရဧ။်
ဖဲကျဉ်မရ သဘာဝမို့
လဲက ထရင်း ရည်ရွယ်မှန်းဆီ
မာန်ချီရင်းနဲ့ မှန်းဆီအရောက်
ငါလျှောက်မည်။
သက်တမ်းတိုတို မှန်းရည်ပိုပို
ဒီလိုဟိုလို ရေခဲလိုပဲ
အရည်ပျော်လျှက် ကုန်သုဉ်းလျှက်ပင်
ရှိနေလေဧ။်။
ဘဝပန်းလေး
ရေသောက်မြစ်ခမ်း ပင်မနွမ်းခင်
မွှေးကြိုင်ရနံ့ ဖြန့်နိုင်သမျှ
စိတ်တွေရွှင်ပြစေလားကွယ်။
0 မှတ်ချက်:
Post a Comment