hover animation preload

အတၲသားမ်း
by စာဂဘ၀င် in


လောကီရမက်  ကိုင်ချူပ်ချက်က

ရုန်းထွက်ခက်ခဲ  ဖြစ်နေဆဲ

ရမက်ထွေထွေ  ဝင်ရောက်မွေလို့

ရန်တွေလည်းပို  ချိန်လည်းပြို၍

သက်တမ်းလောင်စာ  ကုန်ဆုံးလာဧ။်

တရားကိုကျဉ်  လောဘခင်ပြီး

ရန်မှုရန်ပြု  နေရာလုကာ

အေးချမ်းမှုအား  ဖြိုခွဲထားလျှက်

အတ္တကိုယ်ကျိုး  တစ်မျိုးတည်းတွက်

ပရဘေးထား  ရှေ့ဆက်သွားသည်။

မိမိဘဝ  လင်းရောင်ရ၍

ကျေနပ်မြူးပျော်  ဖြစ်နေသော်လည်း

ဘဝပေါင်းများ  မှောင်ဖုံးထားဧ။်

ဘဝအမှောင်  လင်းလာအောင်ကား

ပြုနိုင်စွမ်းလျှက်  မေ့ပင်ဖက်ဧ။်

ဤမျှမပြီး  ရှေ့ဆက်ပြီးလည်း

မျှော်လင့်ချက်များ  ပြိုလဲသုဉ်းအောင်

နည်းမျိုးစုံဖြင့်  ကွက်ဆင့်ဖျက်ဧ။်

0 မှတ်ချက်:

Post a Comment