ငါပစ်တဲ့မျှား င့ါရင်အား မှန်သွားတတ်တယ်နော်
ငါပြောတဲ့စကား ငါ့စိတ်အား ညွန်သွားတတ်တယ်နော်
လုပ်တဲ့အလုပ် အကျိုးယုတ် ဟုပ်ဟုပ်တတ်တယ်နော်
ထားတဲ့အငြိုး အကျိုးဆိုး ပြန်ပျိုးတတ်တယ်နော်
ငါရေးတဲ့စာ အမုန်းသာ သွန်းရွာတတ်တယ်နော်
သတိအသိ အမြဲညှိ တွဲရှိဖို့ လိုသည်
ချင့်ချိန်တွေးဆ ငါနေရ လောကကြီးမှာကွယ်
တခါတလေ ငေးမိုင်တွေ ဖြစ်နေတတ်ပြန်သည်
အမှားနင့်ဝေး ဘယ်လိုတွေး ဘယ်ပြေးရမလဲ
ဘယ်ကိုပြေးပြေး ငါ့ရဲ့ ဘေး မနှေးလိုက်ပါတယ်
သဘာဝက ရှောင်မရ နေရမှာဘဲကွယ်။
0 မှတ်ချက်:
Post a Comment