hover animation preload

မိုးတကယ်ရွာမှာလား
by စာဂဘ၀င် in

တိမ်ညိုတိမ်မဲတွေက

အပြာရောင်ကောင်းကင်ကြီးကိုဖုံးလွမ်းလို့ နေ

လျှပ်စီးတွေတလဲ့လဲ့နဲ့ ပေါ့

မိုးရေပေါက်လေးတွေကို

စောင့်မျှော်နေတဲ့ ဆာလောင်နေသူရဲ့ မျက်နာမှာ

တိမ်ညိုတွေ အပြုံးပန်းလေးတွေစိုက်ပျိုးနေချိန်

မိုးကြိုးပစ်လို့  ထိမှန်သူတွေမနည်း

လေပြင်းမွေလို့  တကွဲတပြားဖြစ်ရသူ ဖြစ်ရနဲ့ ပေါ့

မိုးရေ မရသေးခင်ပေးဆပ်နေရတာကမနည်းတော့ပါလား

မိုးတကယ်ရွာမှာလား?

ဒီ(လား)တလုံးအောက်မှာ

မျှော်လင့်ချက်တွေပျက်သုဉ်းသွားနိုင်သလို

အညွန့် တလူလူနဲ့ ထိပ်ကိုတက်သွားနိုင်တယ်။


0 မှတ်ချက်:

Post a Comment