hover animation preload

ကျေးဇူးပါကွယ်နောင်တလေးရယ်
by စာဂဘ၀င် in

ကုန်းပေါ်နေတောင်  ရေမစိုအောင်

မရှောင်နိုင်ဘဲ  ခေါင်းတထောင်ထောင်

ရေပေါ်လျှောက်ဖို့   စိတ်ကူးလို့ နေ။

ဒေါင်းဥကိုမှ  ၀ပ်ချင်လှတဲ့

စာသူငယ်လေး  ရင်ကွဲ တတ်သေး

ဒီအခြေမျိုး  ငါတိုးမှဘဲ

မနိုင်ဝန်ထပ်  မထမ်းအပ်ဟု

အသိတခု  ငါ့ရင်မှာစု

အသိတခု  ပန်းပုထုပြီ။

ပြင်လို့ မရ  နောင်တ တချို့ 

ငါ့ပါးဆီသို့   အသိပို့ လို့ 

ကျေးဇူးပါကွယ်  နောင်တလေးရယ်။

0 မှတ်ချက်:

Post a Comment