စေတနာကို သူဝါးမျိုလည်း
ဝေဒနာကို ငါဝါးမျိုမည်။
အမှန်တရား သူဖို့ ခါးလည်း
တရားအမှန် တုံ့ ပြန်လာမည်။
မာန၀င်ပူး စိတ်ကူးလွဲလည်း
ဝင်ပူးမာန ကွာကျမည်သာ။
အမြင်ဆိုးဆိုး ရင်ကိုတိုးလည်း
ဆိုးဆိုးအမြင် အပြင်ထွက်မည်။
ရန်ငြိုးမာန်ငြိုး အစဉ်ပျိုးလည်း
တနေ့ မသွေ မုချကြွေသည်။
ငါတို့ လူသား အမုန်းမပွား
အပြန်အလှန် မေတ္တာဆန်လည်း
တနေ့ မုချ သေရမည်သာ။
0 မှတ်ချက်:
Post a Comment