လောကီဘ၀ လူ့ ဘ၀ ရှုပ်ထွေးပွေရ ခက်တွေ့ ရ
အခက်လည်းကြုံ ဒုက္ခဆုံ သုခလည်းဆုံ သောကပုံ
သဘာဝဘေး ကပ်ကာထွေး ဘယ်ပြေးမရ
ဒုက္ခသုခ အလှည့်ကျ ကြုံဆုံတွေ့ ရ သဘာဝ
အမုန်းတွေဖက် ရက်ရက်စက် ထိုးနက်ကြလည်း
မျက်ရည်ကျသူ မျိုးတူလူ အတူတူပင်။
သင်္ခါရသည် မြဲရှိမည် ကွေကွင်းခြင်းတည် ရှိနေမည်။
တရားဓမ္မ သြ၀ါဒ ကျင့်ကြံကြက အေးချမ်းရ။
0 မှတ်ချက်:
Post a Comment