hover animation preload

ငါ့အတွေးထဲပန်းချီဆွဲသူလေး + ဝေးဝေးသွားပါကွယ်
by စာဂဘ၀င် in


Friends18.com Orkut Scraps
ငါ့အတွေးထဲပန်းချီဆွဲသူလေး
Friends18.com Orkut Scraps
အိပ်ခွင့်တော်ရုံမပေးတဲ့ငါ့အတွေးတွေထဲ
ပန်းချီလှလှလေးတွေဝင်ဆွဲပေးနေတဲ့
စုတ်တံကိုင်တဲ့လက်ပိုင်ရှင်လေးက
မင်းပါဘဲကောင်မလေးရယ်။
ဒီအတွေးပန်းချီလှလှလေးတွေနင့်
ငါပီတိဖြစ်နေမိပေမယ့်
ရုပ်လုံးပေါ်လာမယ့်နေ့ ၊ရက်တွေ စောင့်မျှော်နေရင်း
အချိန်ရဲ့ တိုက်စားမူဖြင့် ငါ့ဘ၀ကမ်းဘားတွေ
မပြိုပျက်ရအောင် ထိန်းသိမ်းပေးမယ့်
ထိန်းသိမ်းရှင်ကလည်း မင်းပါဘဲ ကောင်မလေးရယ်။
Friends18.com Orkut Scraps
Friends18.com Orkut Scraps
ဝေးဝေးသွားပါကွယ်
.........................Friends18.com Orkut Scraps...............


♥ဝေးဝေးသွားပါကွယ်♥
ငါနှလုံးသာထဲဗုံးသီးချိတ်ထားတယ်
ဗုံးဆန်မှန်တတ်တယ်
ဝေးဝေးသွားပါကွယ်..
နင်မသေပေမယ့်
ငါသေသွားနိုင်တယ်
ငါပွေ့ပိုက်ထားတာဟာ
အချစ်ဆိုပေမယ့်
ဗုံးသီး နှလုံးသား
ထည့်ထားမိသလိုဖြစ်နေတယ်

ဒါကြောင့်
ငါ့ကိုနှလုံးခုန်စေအောင်လုပ်သူဟာ
ငါ့ကိုသတ်မယ့်သူပါကွယ်
မင်းအနမ်းမှာ အဆိပ်ပါတယ်
ဝေးဝေးသွားပါကွယ်
မင်းကိုယ်ငွေ့ကို
နူကလီးယား လိုငါကြောက်မိတယ်
အချစ်ဆိုတာသေစေတတ်လို့
ဝေးဝေးသွားပါကွယ်..
ဝေးဝေးသွားပါကွယ်...........

Friends18.com Orkut Scraps
(အက်မင် မမ မ..မ ရဲ့ ကဗျာပါ)
Friends18.com Orkut Scraps

0 မှတ်ချက်:

Post a Comment