hover animation preload

ကြွေလွင့်တော့မယ့်သစ်ရွက်လေးတရွက်
by စာဂဘ၀င် in

ငါ့လိုသဲတစ်ပွင့်လွင့်ထွက်သွားလို့ 

သောင်ပြင်ကြီးမပျက်စီးသွားလောက်ပါဘူး။

ငါ့လိုသစ်ရွက်ခြောက်လေးတရွက်

ကြွေကျသွားလို့  သစ်ပင်ကြီးမဆွေးမြေ့ သွားပါဘူး။

စိန်တုံးတွေကြားက ငါ့လိုကျောက်ခဲလေးတလုံး

မျက်နာငယ်နဲ့  ထွက်ပေးရမှာကို ငါကျေနပ်ပါတယ်။

ဘယ်လိုလွင့်လွင့် 

ဘယ်လိုကြွေကြွေ

ဘယ်ကိုထွက်ထွက်

အမှန်တရားကိုတော့ဝတ်ဆင်ထားရမှာပါဘဲပေါ့။

0 မှတ်ချက်:

Post a Comment