hover animation preload

ရင်မြူ
by စာဂဘ၀င် in

ရင်မြူရယ်

မင်းကိုချစ်တဲ့အချစ်တွေက

ငါ့ကိုသူလိုသလိုပန်းချီဆွဲနေပြီ။

မင်းကိုသတိရတဲ့သတိရခြင်းတွေက

ငါ့ရဲ့ အချိန်တွေကိုလွမ်းမိုးထားလေပြီ။

အလှတရားတွေက

မင်းရဲ့ အလှအပရှေ့ မှာဦးညွတ်နေတာကို

မြင်နေတဲ့ ငါ့စက္ခုနစ်ကွင်းရဲ့ ဖြေရှင်းချက်က

မင်းကိုချစ်နေပြီတဲ့။

အညမညမရှိသေးတဲ့ချစ်ခြင်းတွေက

စိတ္တဇညတွေဖန်ရှင်းနေလေပြီး။

ရင်မြူရယ်

ဒီပြသနာတွေကိုဖြေရှင်းမယ့်အရာက

ရင်မြူရဲ့ ရင်ကအချစ်ပါပဲ။

0 မှတ်ချက်:

Post a Comment