တိမ်ညိုတွေရှိလာပြီဆိုပေမယ့်
မိုးရေတွေမရသေးဘဲ
ဟိုတစ်ကွက် ဒီတစ်ကွက် မုန်တိုင်းဖက်လို့ 
ပျက်ပြုန်း ဆုံးရှုံး နေရသေး။
ကျားတစ်အုတ်ရဲ့ အုပ်ချူပ်မူအောက်မှ
လွတ်လပ်မူကို ဆွတ်ခူးရပြီတဲ့
ခုထိ ဟိုတစ်အုတ် သည်တစ်အုတ် အစားခံနေရသေး။
ပွင့်ထွက်လာတဲ့ လမ်းသွယ်လေးတခုကြောင့်
အပြုံးတွေ ပွင့်ပေါက်လာသလို
မျက်ရေစက်တွေ စိုက်ပျိုးနေရတဲ့ သောက ချောင်းငယ်လေးက
လျှံသည်ထက်လျှံနေရပြန်တယ်။
0 မှတ်ချက်:
Post a Comment