စိုးစိတ်စိုးထိတ် ချစ်စိတ်ကိုဝှက်
ချစ်ရိပ်ချစ်ဟန် မပေါ်ရန်ထိန်း
ဘယ်လိုထိန်းထိန်း ယိမ်းကိုယိမ်းတယ်
သေချာတာက အထီးကျန်ရမှာ
ဝေဒနာသာ အဖြေလာမှာ
သိနေပါလျှက် အတိမ်းခက်ရ
..................................................
သူချစ်တာက သူမှသူပါ
ငါချစ်နေတာ သူမာလာပါ
ဆန့် ကျင်ဘက်ဖက် တကယ်ခက်ပြီ
ကံခေခြင်းများ ငါ့ဘ၀အား
ပိုင်စိုးထားလား?
ငါချစ်ပင်စိုက် ဝေလိုက်ကြွေလိုက်
ခြွေသူမရှိ ဖြေညှိရခက်
တဖက်သတ်က ဖြေမရတဲ့
ရောဂါများလား?
0 မှတ်ချက်:
Post a Comment