ချစ်ပန်းကလေး ဘယ်လောက်ဝေးဝေး
ဒီရင်အနံ့  မွေးရနံ့ ပျံ့ 
ဒီစက္ခုထဲ လှမြဲလှသည်
ငါ့စိတ်အာရုံ အစုံအကုန်
နင့်ရနံ့ ရှေ့  အလှရှေ့ ဝယ်
ညီညာဖြဖြ ဦးညွတ်ကြသည်
နင့်ရဲ့ ညှို့ စွမ်း အစဉ်စွမ်းလို့ 
ဘယ်တော့မပြောင်း သြဇာညောင်းသည်။
ဂဃနဏ ရှု့ မြင်ရလျှင်
ဂုဏ်သိမ်ဂုဏ်သိန် ဒီအရှိန်လည်း
အဟုပ်အမှန် ရှိနေပြန်သည် ။
အကျင့်သီလ ကောင်းမွန်လှသည်
သီရိအတိ တကယ်ရှိသည်
အဖိုးထိုက်တန် တကယ်မှန်သည့်
အသစ်ဆန်းလေး ချစ်ပန်းလေးရေ
ဒီလူတယောက် အကြောက်ဆုံးက
ချစ်ပန်းလန်းလန်း ပြစ်ပန်းဖြစ်မှာ
ဒီရင်ကနေ ပြစ်သွေမှာပါ။
0 မှတ်ချက်:
Post a Comment