အေးမြမူကိုဖြန့် ဝေပေးနေတဲ့ဆောင်းညတစ်ညမှာ
ပူလောင်မူတွေငါ့ကိုဝါးမျိုခဲ့
တောက်လောင်နေတဲ့နေမင်းကြီးကို
အေးချမ်းသာယာတဲ့လမင်းကြီးမှတ်ပြီး
ငါဆုပ်ကိုင်လိုက်မိတာကိုး။
မက်မောမူဆိုတဲ့ကောင်တွေက
တခါတရံမှာ ကျား ထက်ကြောက်ဖို့ ကောင်းသား
မက်မောမူ ခံတွင်းကနေ ငါရုန်းထွက်
အပြုံးတော့မရှု့ မလှပျက်ခဲ့ရပေါ့။
အရှုံးဆိုတဲ့ရလိုက်တဲ့အမြတ်ရဲ့ အရင်းက
ပြန်လှည့်ယူလို့ မရတော့တဲ့
လောကကြီးကပေးထားတဲ့
အချိန်ဆိုတာပါပဲ။
0 မှတ်ချက်:
Post a Comment