hover animation preload

မျက်ရည်ချောင်းပေါ်လှေလှော်ကာ ပန်းဝင်ချင်နေတာများလား
by စာဂဘ၀င် in

ခဏတာမျှ  လူ့ ဘ၀မှာ

လောဘတွေကြောင့်  လမ်းမဖြောင့်ကြ

ဒေါသမောဟ  သူတို့ ရင်ဝ

ပိတ်ဆို့ နေကြသည်။

လုပ်ချင်ရာလုပ်  ခုတ်ချင်ရာခုတ်

စိတ်ရိုင်းစေရာ  လိုက်နာကြသည်

သူတို့ ဆန္ဒ  အထမြောက်ရေး

စတေးခံသူ  တလူလူပေါ့

သန့် ရှင်းစင်ကြယ်  ခလေးငယ်တွေ

မြင့်မြတ်လှသူ  လူမြင့်မြတ်တွေ

သူတို့ လောင်စာ  ဖြစ်နေရှာသည်။

သူတို့ ပန်းတိုင်  ရောက်သည့်တိုင်အောင်

မျက်ရေချောင်းပေါ်  လှေလှော်ကြကာ

ပန်းဝင်ချင်နေကြတာများလား။








0 မှတ်ချက်:

Post a Comment