ချစ်တယ်ချစ်တယ် သူပြောတယ်ကွယ်
မုန်းတယ်မုန်းတယ် သူပြောပြန်တယ်
ပလီပလာ ပေါရှာတယ်ကွယ်
အချစ်တုတွေ ပေါထွေလှတယ်
ဟန်ဆောင်ကောင်းသူ အသဲခွဲသူ
မင်းလေးအရေး ဒီလူမတွေး
ဘယ်လိုမြူမြူ ဒီလူမမူ
ကောင်းတဲ့ဟန်ဆောင် ပျင်းတောင်ပျင်းသေး
ဒီလူအသဲ ကျောက်စိုင်ခဲနယ်
မာကြောလှတယ်ကွယ်
မင်းတို့ မာယာ ပလီပလာ
ဒို့ တွေရင်မှာ ပြက်လုံးပမာ
ရယ်စရာတွေပါ။
ကြီးမားဆင်ဗိုက် ခြင်လာကိုက်သို့ 
ဖြစ်ရှာရော့မယ်ကွယ်။
0 မှတ်ချက်:
Post a Comment