hover animation preload

စံချိန်မဲ့ဝမ်းနည်းမူ
by စာဂဘ၀င် in

တပ်မက်မူဆိုတာကြီးက

ကျားထက်ကြောက်ဖို့ ကောင်းသား

ကျားကဇတ်တူသားမျှမစားပဲကိုး။

ကန့် လန့် ကာချထားတဲ့သူတို့ စိတ်က

တရားကိုလည်းမမြင်၊ ရိုသေမူတွေ

ကျပျောက်နေရှာလေရဲ့ ။

လောဘမောဟက သူတို့ အသိဥာဏ်ကို

မင်းမူထားလေတော့

အလေးအမြတ်ထားရာကိုတောင် အရင်းအနီး ပြုရက်လေရဲ့ ။

သစ်ရွက်လေးတွေကြွေသလို

ကြွေခဲ့ရတဲ့ဝိဥာဉ် တွေက စတေးပြီး

အမှောင်ထုကနေ လွတ်လပ်မူဆိုတဲ့ လမ်းလေးတလမ်းကို

ဆွဲထုတ်ပေးခဲ့ကြလေတယ်

သည်လမ်းလေးမှာ မြေမြုပ်ဗုံးတွေက 

ကွက်ကြားနေရာယူထားပြန်လေတော့

ဟိုတကွက် သည်တကွက် ပေါက်ကွဲနေသေး

စတေးမူက မပြီးမခမ်းနိုင်သေး။

မျက်ရည်ချောင်းပေါ် လှေလှော်ကာ

ပန်းဝင်ချင်နေတဲ့သူတို့ စိတ်က

စာနာမူကို ဘယ်အရာတွေက

လောင်ကျွမ်းပြာကျစေခဲ့သလဲကွယ်။

မက်မောမူဆိုတာကြီးက

သူတို့ ကိုကျားရိုင်းထက်ကြောက်စရာကောင်းတဲ့

သက္တ၀ါ အဖြစ်ပြောင်းလဲပစ်လိုက်တာ

စံချိန်မဲ့ဝမ်းနည်းမူကြီးပါပဲ။








0 မှတ်ချက်:

Post a Comment