hover animation preload

လမ်းညွန် စာမျက်နာ
by စာဂဘ၀င် in

အချိန်ဆိုတဲ့လမ်းမှာ

အဓိပ်ပါယ်မဲ့တဲ့ခြေရာတွေ

အကျိုးမပေးတဲ့ခြေလှမ်းတွေနဲ့ 

ငါ့ဘ၀ကောင်းကင်တချို့ 

ပြိုကျခဲ့ရပြီ  ဖြိုချသူက  ငါပါပဲ။

အကျိုးမရှိခြင်းက အကျိုးရှိခြင်းကို

နင်းချေကာ ငါ့ကိုချူပ်ကိုင်ခဲ့

အဲဒီအချိန်မှာ ပျော်မြူးခြင်းတွေက

ငါ့ကိုဝင်ပူးထားလေရဲ့ ။

ရပ်တန့် ခြင်းကို ဂရုမစိုက်တဲ့အချိန်နင့်အတူ

စီးဆင်းသွားချိန် အကျိုးမရှိတာတွေကိုဂရုမစိုက်ပဲ

အကျိုးရှိတဲ့အရာတွေနဲ့ 

မဟာမိတ်ဖွဲ့ ထားဖို့ လိုမယ့်အသိ

အတိတ်ကစာမျက်နာတွေက

ငါ့ကိုဗြောင်ကျကျ ပြောပြနေ ။





0 မှတ်ချက်:

Post a Comment