"အိုကွယ့်သားလေး အသဲတုံးလေး
နေကောင်းကျန်းမာ ရှိပါရဲ့ လား"
စိုးရိမ်ပူပင် သောက၀င်သည့်
ချစ်မိခင်က သိချင်လှ၍
မေးမြန်းမြဲသည်။
ကောင်းတယ်အမေ ဤသို့ ဖြေက
ပီတိလေသံ ပဲ့တင်သံဖြင့်
ပြန်ပြောရှာသည်
"တိုင်းတပါးမှာ နေနေရှာသည့်
ငါ့သားငယ်လေး ကျန်းမာရေးကို
အစဉ်တစိုက် ဂရုစိုက်ကွယ်
ပျက်စီးသွားသူ ပေါထူလှသည့်
နေရာတွေဝယ် ငါ့သားငယ်အား
စိတ်ချလက်ချ ရှိရစေချင်
ရင်အေးစေချင်တယ်ကွယ်
အုပ်ထိန်းသူမဲ့ ရှိနေခဲ့၍
စိတ်ကိုမထိန်း ဟိုသည်ယိမ်းကာ
မူးရစ်ဆေးဝါး စွဲမက်သွားမှာ
အမေရင်ထိတ် စိုးစိတ်ထွေတယ် "
ပေါထွေသောက သြ ၀ါဒဖြင့်
မှန်တကယ်ပင် မြဲသွန်သင်သည်။
0 မှတ်ချက်:
Post a Comment