ချစ်သူငယ်ချင်း ရောင်းရင်းတို့ ရေ
အချင်းချင်းတွေ ဖေးမမျှဝေ
အသိချင်းတွေ ဖလှယ်ဝေမယ်
မာန်ဆိုးမာန ရင်မှခွာချ
နိဝါတများ လက်ကိုင်ထားကာ
အမှားအမှန် ဝေဖန်ကြက
တိုးတက်မူများ ပန်းများသဖွယ်
မွေးရနံ့ ကြွယ်မယ်။
ချစ်သူငယ်ချင်း ရောင်းရင်းတို့ ရေ
စက္ကန့် အမျှ ဒို့ ဘ၀က
ရင့်ရတိုးရ ဖြစ်နေရသည်
မကြွေခင်လေး လောကအရေး
အတွေးတွေထဲ မမေ့ဘဲလေ
ရှိနေစေချင် ။
ဂုဏ်ဓနနောက် ကောက်ကောက်ပါအောင်
မရောက်စေချင် ရောက်လျှင်တော့ကွယ်
လိုက်ရင်းလိုက်ရင်း နစ်ခြင်းကြီးမယ်
တိမ်ကောစရာ ပွေထွေရှာမယ်
ဒီတော့ဒီတော့ အားမလျှော့ဘဲ
တတ်နိုင်သမျှ မျှကူကြမယ်။
0 မှတ်ချက်:
Post a Comment