hover animation preload

အတွေးမှား အထင်မှား အမြင်မှား
by စာဂဘ၀င် in

ကောင်းကင်မှာလင်းဝင်းနေတဲ့

လမင်းကြီးက

ရေပြင်ပေါ်  ထင်ပေါ်နေတဲ့သူ့ အရိပ်စစ်ကို

မြင်ပြီး မြေပြင်မှာလည်း လထွက်ပါလားလို့ 

အတွေးမှားအထင်မှားအမြင်မှားတွေနဲ့ 

တိမ်မဲတွေကြားဝင်သွားလိုက်လေရဲ့ ကွယ်။

ရေပြင်ကြီးကတော့

တအံ့တသြနင့်ကြည့်နေမိလေရဲ့ ။

အမှောင်ထုကြီးကလည်း

ငါတို့ ကိုဖြိုခွင်းမယ့်အလင်းက

နေမင်းကြီးပဲရှိတော့တယ်ဆိုပြီး

အထင်မှားကာ ၀မ်းမြောက်ဝမ်းသာ 

ဖြစ်နေရှာလေရဲ့ ကွယ်။

မှောင်ဘဲမှောင်မှောင်

လင်းပဲလင်းလင်း

ခြေလှမ်းမမှားဘဲစီးဆင်းနေတဲ့ရေတွေကိုပဲ

အားကျမိပါရဲ့ ။


0 မှတ်ချက်:

Post a Comment