အဓွန့် ရှည်ကြာ နေလာသည့်မြို့ 
ဤရွှေမြို့ မှာ ခင်လာသူများ
များပြားလှသည် သံယောဇဉ်ကြိုး
ဒီရင်ထဲတိုး မပုပ်မသိုး
ဘယ်လိုမျိုးမှ မညိုးလှပေ
ခင်မင်မူရေ အစဉ်တွေမည်။
စိတ်မကောင်းစွာ ခွဲခွာချင်စိတ်
ပေါက်ပေါ်စေသူ ပေါထူလာတော့
စေ့ငှချင့်ဆင် တွေးချင်စရာ
ဖြစ်လာတော့သည်။
နောက်ဆုံးကဗျာ ဤကဗျာဖြင့်
နုတ်ဆက်စကား နုပ်ဖျားမှသာ
ပြောလိုက်ပါသည်။
မှားတခုခု ပြုမူမိက
တောင်းပန်ရင်းသာ ခွဲခွာလိုက်သည်။
0 မှတ်ချက်:
Post a Comment