hover animation preload

ရိုးသားမူက အကောင်းဆုံးမူဝါဒ
by စာဂဘ၀င် in

ရိုးသားမူကအကောင်းဆုံးမူဝါဒတဲ့ အကောင်းဆုံးမူဝါဒကရိုးသားမူတဲ့လေ

ဒါကြောင့်ရိုးရိုးသားသားလေးပဲဝန်ခံ၊မှန်ရင်မှန်တယ်၊မှားရင်မှားတယ်၊လွဲရင်လွဲတယ်ပေါ့

ရိုးရိုးသားလေးပဲဝန်ခံလိုက်ရင် ရှုပ်လာနိုင်တဲ့ အရှုပ်တွေတော်တော်များများ ရှင်းစရာမလိုပဲ ကင်းသွားမယ်

လို့ မြင်မိပါတယ်။တချို့ က သိက္ခာကျမှာစိုး၍ မှားတာကို မှားတယ်လို့ မ၀န်ခံပဲ ထမင်းရေပူလာ လျှာလွဲ

 လုပ်တတ်ကြတယ် အဲလိုလူတွေက တကယ်တော့ မိမိရဲ့ တိုးတက်မူကို "ငါ့ဆီမလာနဲ့ လို့ " ဟန့် တား

လိုက်သလိုဖြစ်နေတာအမှန်ပင်ဖြစ်သလို  အကျင့်ဆိုးတခု ၀ယ်ယူလိုက်သလိုဖြစ်နေတာတော့ အမှန်ပါပဲ။

တနေ့ ပညာရှင်ကြီးတစ်ယောက်က သွားလာနေရင်း  ခလေးတချို့ ကစားနေသည်ကိုတွေ့ သဖြင့်

ပညာရှင်ကြီးကခလေးတွေကိုလှမ်းပြောလိုက်သည်" ခလေးတို့ ရေ ကစားရင် သတိနင့်ကစားကြနော်"တဲ့

အဲဒီခလေးတွေထဲမှ ခလေးလေး တယောက်က ပညာရှင်ကြီးကိုပြန်ပြောလိုက်သည်က" ဆရာကြီးရေ

အကယ်၍ ကျတော်တို့ ထဲကတဦးတယောက်က ခြေချော်ကာ ကျသွားပါက ကျတဲ့သူကသာနာသွားမှာ

အကယ်၍ဆရာကြီးသာခြေချော်သွားရင် လူတော်တော်များလမ်းမှားကိုရောက်သွားနိုင်တယ်"သတဲ့

ဆရာကြီးက အဲခလေးရဲ့ စကားကိုကြား၍ "မင်းငါ့ကိုဆရာ လာလုပ်သလားကွ"ဆိုပြီး မတုတ်ပြန်ဘဲ

ပညာယူသွားလိုက်တယ်။ပြောတဲ့သူကိုမကြည့်ဘဲ ပြောတဲ့သူရဲ့ စကားကိုသာကြည့်သည်ဟု

ကျတော်ပြောချင်တာပါပဲ။ရိုးရိုးသားသားလေးဝန်ခံသွားတယ်ပေါ့ လက်ခံသွားတယ်ပေါ့နော်။

ကျတော်က မောင်ရိုးသားကြီးရယ်တော့မဟုပ်ပါဘူး လိုက်နာကျင့်သုံးသင့်လို့ ကျင့်သုံးနေတယ်ပေါ့

တခါတခါတော့လည်း အမှားဆိုတာကြီးနဲ့ ထိပ်တိုက်တိုးတတ်ပါတယ် ဘာပဲဖြစ်ဖြစ် အကျင့်ကြီးတခု

ဖြစ်မသွားအောင်တော့ထိန်းသင့်၊ထိန်းအပ်လို့  ထိန်းရမှာပါပဲ။

လူတိုင်းမှာတော့ ကိုပိုင်မာနလေးတွေတော့ ပင်ကိုရှိနေပြီးသားပါ။အဲဒီမာနကြောင့် ခေါင်းညိတ်ရမယ့်

ကိစ္စတော်တော်များများမှာ  ခေါင်းခါနေတတ်ကြပါတယ် ခါလိုက်တဲ့ခေါင်းကတော့ အညောင်းပြေသွား

ရင်ပြေသွားမှာပါ ဟိဟိ  ဒါပေမယ့် ရိုးသားမူကို အရောင်ဆိုး ဆိုးလိုက်တာ အမှားကသေးမည်မထင်။

တန်ဆေး လွန်ဘေး ဆိုသလိုပေါ့ အတိုင်ထက်လွန်မာနထားတာ အကျိုးမရှိလောက်ပါဘူး

ဒါကြောင့်မထားသင့်၊မထားအပ်လို့  မထားနိုင်အောင်ကျိုးစားကြတာပေါ့။

(ဒါတွေက ကျတော့်ရဲ့ အမြင်တွေပါပဲ ဖတ်ရှု့ သူတွေ မှားတာမြင်ရင် ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးကြပါရန်
မေတ္တာရပ်ခံပါသည်)

လေးစားလျှက် စာဂဘ၀င်

0 မှတ်ချက်:

Post a Comment