ချစ်သူပန်းလေး ရနံ့ မွေးစွာ
ပွင့်အာလာရ ဥယျာဉ်လှဝယ်
မွေးရနံ့ ကြွယ် လှဆင့်သွယ်တယ်
ဖြူစင်စိတ်ထား သွေးသားများဝယ်
တကယ်အဟုပ် စီးသည်ဟုပ်၏
သမ္မာဝါစာ ကျင့်သုံးကာပင်
ယဉ်ယဉ်ကျေးကျေး ဆက်ဆံရေးဖြင့်
ယဉ်ဆင့်ယဉ်ပေါ် ရှိနေသော်ကား
လူများချစ်ခင် ပေါင်းခင်မင်သည်။
ဆွတ်ချူလိုသူ ပေါထူလှသည်
အတည်တကယ် သ၀န်တိုတယ်
ဆုံးရှုံးရမှာ ရင်မှာစိုးထိတ်
အိပ်ပင်မရ စိတ္တဇကိုင်
မပိုင်ရမှာ ပူရှာတယ်ကွယ်
ချစ်သူပန်းပေါ် ယုံကြည်သော်လည်း
ကံတရားက လွန်ဆန်မရ
ဖြစ်ရတတ်သည်
ကံတရားက ဆန္ဒကိုပြည့်
ပြည့်ဝလိုအင် ဖြစ်ခဲ့လျှင်တော့
ဝမ်းသာပီတိ ဖြစ်မိမှာတော့
မလွဲမသွေပါ။
အဆိုးဝင်ဖက် တွဲလက်ခွဲက
ငါ၏ကမ္ဘာ ပြိုကျမှာက
မုချမလွဲ အမှန်ပဲကွယ်
လိုအင်ပြည့်စေ ဆုခြွေရုံသာ
ရှိနေတော့သည်။
0 မှတ်ချက်:
Post a Comment