ငါချစ်မ၀ ချစ်သူလရေ
ဒီခေတ်ဒီခါ တိုးတက်လာတော့
မြန်မာ့ဓလေ့ တကယ်မေ့လို့ 
နောက်တိုင်းဆန်ဆန် ၀တ်ဆင်ရန်သို့ 
ယိမ်းကြယိုင်ကြ ယိမ်းယိုင်ကြသည်
ငါချစ်မ၀ ချစ်သူလရေ
သူတို့ တွေထဲ နင်မပါနဲ့ 
မြန်မာဆန်ဆန် ၀တ်ဆင်ဟန်သည်
ရှု့ လို့ မငြီး ကြည့်မငြီးနိုင်
လှသရဖူ ဆွတ်ခူးယူနိုင်။
ငါချစ်မ၀ ချစ်သူလရေ
လူအလှက ခဏမျှသာ
ခဏတာမျှ သည်အလှထက်
စိတ်အလှဘက် သီလဘက်အား
အလေးထားပါ ချစ်သူမာလာ။
ငါချစ်မ၀ ချစ်သူလရေ
သစ္စာတရား မပျက်သွားအောင်
ထိန်းသိမ်းကြရင်း ချစ်ခြင်းတာဝန်
ကျေပွန်ကြမယ် ချစ်သူရယ်ကွယ်။
ဒို့ ရဲ့ ချစ်ခြင်း အပြစ်ကင်းစွာ
ချစ်လာကြကာ သစ္စာတရား
လက်ကိုင်ထားကာ မခွဲခွာဘဲ
လက်တွဲမြဲမယ် ချစ်သူရယ်ကွယ်။
0 မှတ်ချက်:
Post a Comment