ငါ့ခြေဖုဝါးအောက်က
ဆူးခင်းလမ်းလေးတွေက
ဖြတ်ကျော်ခဲ့ဖူးတဲ့ပန်းခင်းလမ်းရဲ့ တန်ဖိုးကို
ပြသနေလေရဲ့ ကွယ်။
အတိတ်က ငါဖြုန်းတီးခဲ့တဲ့
ဘ၀စာမျက်နာတချို့ ကိုကြည့်ရင်း
ခေါင်းတခါခါနဲ့ 
သင်ခန်းစာအသစ်တွေကို သင်ယူနေရလေတယ်။
ပုံမှန်လေး စီးဆင်းသွားနေတဲ့အချိန်ပေါ်
အကျိုးရှိတဲ့ လုပ်ရပ်တွေ ကပ်ချိတ်
အကျိုးမရှိတဲ့လုပ်ရပ်တွေကို
နင်းကာ လိတ်နေတော့မယ်။
0 မှတ်ချက်:
Post a Comment