hover animation preload

♥♫ဟေမာန်သက်သေ♥♫
by Anonymous in




မြောက်လေငယ် သွေး
နှင်းပန်းတို့ ကြွေ
လေညှင်းဟေမာန်
တိုးဝှေ့ဒဏ်၏
တချက်ပျင်းပျင်း
ရင်တွင်းလှိုက်ဖို
စိမ့်ခနဲအေး
ဟိုအရင် မိုး၏
လက်ကျန်လေညှင်း
သည်ဆောင်းသွင်းလို့
ပို့ခြေပြီ.................။

နံနက်အာရုံ
စွတ်စိုရုံမျှ
မြေမှာခသည့်
နှင်းပွင့် တို့လည်း
ဟေမာန်သက်သေ............
ဆောင်းသက်သေ........။......။


လယ်တီမြေသား

အောင်အောင် (မကစ)
ရင်တွင်းဖြစ်
12/12/2011


0 မှတ်ချက်:

Post a Comment