hover animation preload

မေတ္တာမိခင် အစဉ်ရှင်သည်(အမေများနေ့ ဂုဏ်ပြုကဗျာ)
by စာဂဘ၀င် in

ရပ်ဝေးနေရာ  နေ နေပါလည်း

မေတ္တာမိခင်  အစဉ်ရှင်သည်

စိုးရိမ်စိတ်များ  ရင်မှာပွားလျှက်

မနားမနေ  တောင်းဆုခြွေသည်။

ငါ၏ချစ်သား  ဘယ်လိုများနေ

 ရင်ကားပူပို  မေးမြန်းလိုလျှက်

ချစ်သားကိုပြော  ငိုသံနောသည်။

အရှက်ကိုပေး  အသက်ပေးကာ

ရင်သွေးလေးအား  မွေးဖွားသွားသည်။

ဒီတင်မပြီး  ရှေ့ ဆက်ပြီးလည်း

အပြီးအသတ်  ပညာတတ်အောင်

သင်ပေးစေသည်  ။

 မာတာအမေ  ကျေးဇူးတွေက

မြစ်ရေလိုတွေ  မပြတ်ပေပြီ။

မနီးဝေးကွာ  ရှိနေပါလည်း

ရင်မှာအမြဲ  ရှိနေဆဲပါ

အမေရယ်။








0 မှတ်ချက်:

Post a Comment