hover animation preload

ရိုးရာမပျက်ရှိနေတဲ့ ငါ့ချစ်သူ
by စာဂဘ၀င် in

ချစ်သူသန္တာ  ငါ့ရင်မှာလေ
နေရာယူထား  ပိုင်စိုးသွားသူ
မင်းမူလေသူ  မည်သည့်လူဆို
မေးသူတွေကို  ငါဖြေဆိုမည်
ငယ်ပေါင်းကြီးတူ  ငါ့ချစ်သူသည်
ဖြူဖြူလှလှ  ယဉ်ယဉ်လှပ
မာနကင်းမူ  ယဉ်ကျေးသူလေး
တောသူသန္တာ  လှကညာပင်။
ခေတ်သမယ   တိုးတက်လှလည်း
မူကပုံမှန်  နေဟန်ပန်လည်း
ရိုးရာမပျက်  ရှိနေလျှက်ပင်။

ရောင်းရင်းသဟာ  မေးခွန်း ဖွာသည်

မေးလာသည်မှာ  မင်းသန္တာသည်

ရွှေဂုဏ်ငွေဂုဏ်  ဓနဂုဏ်နှင့်

ဘယ်ဂုဏ်တွေဘက်  မက်စိတ်ဖက်လဲ?

ငါ၏သန္တာ  လှကညာသည်

နိဝါတအား  နလုံးသားဝယ်

သတ်ဆွဲထားဘိ  အစဉ်ရှိသည်။

မည်သည့်ဂုဏ်ဘက်  စိတ်မဖက်ဘဲ

အမှန်တကယ်  ဖြူစင်တယ်ကွယ်

ဘာသာကိုင်းရှိုင်း  စိတ်ညွတ်ကိုင်းသည်

စိတ်ရိုင်းတို့ အား  တရားများဖြင့်

ထိန်းထား ချူပ်ကိုင်  သူနေထိုင်သည်။

သစ္စာရှိရှိ  ရင်မှာငြိ၍

ဂတိတည်တည်  လက်တွဲမည်ဟု

မှန်းရည်မျှော်ခြင်း  အဖျက်ကင်းရန်

အတူတကွ  ဆုခြွေကြသည်။

 






0 မှတ်ချက်:

Post a Comment