ထင်ရာမြင်ရာ ပြောဆိုကာပင်
နေလာသူထဲ ငါအမြဲပါ
စိတ်အလိုလိုက် စိတ်အကြိုက်ဆောင်
လူမိုက်တို့ ထဲ ငါပါမြဲသည်
မင်းတို့ မှန်သည် ငါမှားသည်ဟု
သည်အမှားအား ရိုးရိုးသားသား
ငါဝန်ခံရမည်။
ထပ်ကာဆင့်ကာ မမှားလာအောင်
ရှောင်ကာနေရင်း အမှန်ကိုချင်း
လျှောက်သင့်သည့်လမ်း မောလို့ ပမ်းလည်း
လျှောက်လှမ်းနေမည်။
0 မှတ်ချက်:
Post a Comment