ကင်္ကာမျက်မှောက် ဖြတ်သန်းလျှောက်ရာ
ချော်မှောက်လှဲခြင်း အမြဲရင်းသည်
ဗျာတွေဝေဖြိုး ရင်ထဲ စိုး၏
ငိုင်တွေးစိတ်ကျ ဇွဲမထနိုင်
ကံကခေတိုး အဖြစ်ဆိုးတုန်း
ကျိုးစားအားထုတ် အားအင်ယုတ်ကာ
တဖြုတ်ဖြုတ်လူပ် ညှာတံပြုတ်လို့ 
အဟုပ်သေချာ ကြွေရမှာလား။
ဒါမှမဟုပ် ဇွဲစိတ်ထုတ်လို့ 
မဆုတ်မငြီး ရှေ့ ခရီးဖို့ 
အရှုံးတွေမှာ သင်ခန်းစာယူ
လာမည့်အချိန် ချင့်ငုံချိန်ကာ
မထိန်မချန် အားအင်မာန်ဖြင့်
ကိုယ်ကျိုးသူ့ ကျိုး နစ်မျိုးလုံးတွက်
စွန့် စားလုပ်ကိုင် နေထိုင်မည်လော။
0 မှတ်ချက်:
Post a Comment