စက္ကန့် အမျှ ရေပျော်ကျသို့ 
ဘ၀သည်လည်း ကုန်ဆုံးသုဉ်းရ
အဆင်းလှလှ မလှလှလည်း
ဓနကြွယ်ကြွယ် မကြွယ်ကြွယ်လည်း
ပျော်ဘွယ်ပိုင်ပိုင် မပိုင်ပိုင်လည်း
ချူပ်ကိုင်သောက ကြုံနေရလည်း
လောကသက်မှာ မုန်းနေပါလည်း
မေတ္တာတရား မြဲစဉ်ထားလည်း
မကောင်းမူအား ကျူးလွန်သွားလည်း
ကောင်းမူပြုပြု မပြုပြုလည်း
ဂရုပြုပါ မုချလာမည်
ရှောင်ကွယ်မရ သေခြင်းကသည်
တိကျသေချာ ရောက်ရှိလာမည်
သွားရာလမ်းဆုံး သင်္ချိုင်းကုန်းတည်း။
0 မှတ်ချက်:
Post a Comment