ဖူးငုံပွင့်အာ ပန်းမာလာသည်
နံ့ သာထုံကြိုင် ထွေးလို့ ပိုင်လည်း
တနေ့ မသွေ မြေခကြွေသည်။
ရနံ့ ကြွယ်ဝ ပန်းအလှကို
တုယှဉ်မရ ပန်းဘ၀လည်း
တနေ့ မသွေ မြေခကြွေသည်။
အနိစ္စကို ရှောင်သွားလိုလည်း
ရှောင်ကွင်းမရ သဘာဝတည်း။
မကြွေခင်ချိန် ဝေနေစဉ်မှာ
အတ္တပရ နစ်ခွအတွက်
အကျိုးဆောင်ရွက် ပြုကျင့်ဖက်က
ခန္ဒာပျက်လည်း နာမည်သုဉ်းခြင်း
ကင်းရှင်းရာသည်။
ကုသိုလ်အကုသိုလ် ထိုထိုသည်လည်း
မိမိနှင့်မခွာ ရှိနေမည်မှာ
ဧကန်ဖြစ်သည်။
နံ့ သာထုံကြိုင် ထွေးလို့ ပိုင်လည်း
တနေ့ မသွေ မြေခကြွေသည်။
ရနံ့ ကြွယ်ဝ ပန်းအလှကို
တုယှဉ်မရ ပန်းဘ၀လည်း
တနေ့ မသွေ မြေခကြွေသည်။
အနိစ္စကို ရှောင်သွားလိုလည်း
ရှောင်ကွင်းမရ သဘာဝတည်း။
မကြွေခင်ချိန် ဝေနေစဉ်မှာ
အတ္တပရ နစ်ခွအတွက်
အကျိုးဆောင်ရွက် ပြုကျင့်ဖက်က
ခန္ဒာပျက်လည်း နာမည်သုဉ်းခြင်း
ကင်းရှင်းရာသည်။
ကုသိုလ်အကုသိုလ် ထိုထိုသည်လည်း
မိမိနှင့်မခွာ ရှိနေမည်မှာ
ဧကန်ဖြစ်သည်။
0 မှတ်ချက်:
Post a Comment