hover animation preload

မှောက်လှဲခဲ့တဲ့အောင်မြင်မူကို ငါအားယူမယ်
by စာဂဘ၀င် in

..
သူတို့ တွေရဲ့ စကားတခွန်းက

အညွန့် တလူလူတက်နေတဲံ့

ငါ့ဝါသနာတွေကို ညိုးပျက်စေလောက်မတတ်

ဖြစ်ခဲ့ရ။

ပတ်ဝန်းကျင်တွေကိုဂရုစိုက်တတ်တဲံ့ငါ

အခါခါ ညိုးခြောက်ခဲ့ဖူးတယ်။

သူတို့ မျက်မှန်အောက်မှာ

အဖြူရောင်ငါ့အင်္ကျီလေးက

မဲနေလေရဲ့ ။

ငါ့ဝါသနာတချို့  ငါ့ကိုခြေစုံကန်ကာ

အကြိမ်ကြိမ်ထွက်ခဲ့

အမှန်တရားကို ကိုးကွယ်တဲ့ငါ့အသိတွေရှေ့ 

ငါ့ဝါသနာတွေ ဒူးထောက်ကာပြန်ဝင်လာ။

ရှုံးနိမ့်မူကို အံတုနေတဲ့ ငါ

အောင်မြင်မူလမ်းပေါ် ခြေတစ်ဖက် တင်တုန်း

ပြန်ချော်ကျခဲ့

အကြိမ်ကြိမ်ပေါ့။

ဟောင်းနွမ်းသွားတဲ့ပြက္ခဒိန် တွေက ငါ့ကိုပုံဖေါ်

ရှေ့ ခရီးမှာ ငါလျှောက်မယ့်လမ်းကို

တည့်တည့်သာလျှောက်ကာ မှောက်လှဲခဲ့တဲ့

အောင်မြင်မူတွေကို ငါအားယူမယ်။

0 မှတ်ချက်:

Post a Comment