..................................
ဓနကြေးငွေ ပေါထွေထွေ ဘာတွေလုပ်သင့်လဲ
စားကာသုံးကာ ပိုနေတာ ဖဲ့ကူပါလားကွယ်
ဘေးကပ်သင့်သူ တလူလူ ပေါထူလှတယ်ကွယ်
မျိုးတူမျိုးတူ ထိုထိုလူ ဒုက္ခပြောထူ သောကပူ
လူချင်းစာနာ ထောက်ပံ့တာ ကောင်းရာပါပဲကွယ်
ပရစိတ်မျိုး ရင်မှာပျိုး မျက်ညိုးလန်းစေကွယ်
တတ်နိုင်သမျှ ပေးလူုကြ ဖေးမသင့်တယ်ကွယ်
ကိုပြုသောကံ ပဲ့တင်သံ ကို့ ထံပြန်လာမယ်
သေရင်ပါမှာ ကုသိုလ်ပါ ကောင်းရာလုပ်ရင်ကွယ် ။
0 မှတ်ချက်:
Post a Comment