ခန္ဒာအလှ မြေမှာခလည်း
ရနံ့ ရည်သွေး မမြေ့ ဆွေးဘဲ
ထုံကြိုင်ရနံ့  လေမှာပျံ့ ကာ
လူတို့ နှလုံး ရွှင်ပြုံးစွမ်းသည့်
ပန်းခရေလို ဖြစ်စေလိုသည်။
`ဤနည်းနင်နင် ဒို့ တွေပင်လည်း
ဘယ်လိုဘယ်ပုံ အမျိုးစုံနှင့်
ရှောင်လို့ မရ သေခြင်းကသည်
တနေ့ သေချာ ဆိုက်ရောက်လာမည်။
ဇီဝိန်ချူပ်ငြိမ်း ဇာတ်မသိမ်းခင်
ကောင်းခြင်းဖြာဖြာ လုပ်ခဲ့ပါက
လူသာသေမည် နာမည် တွေလျှက်
လူတို့ နုပ်ဝယ် စီဆင်းတွေမည်။

0 မှတ်ချက်:
Post a Comment